အနာဂတ်/အကြောင်း ကြိုတင်/ဟောတော်မူခြင်း
13
ယေရှု/သည် ဗိမာန်တော်/မှ ထွက်ကြွတော်မူ/စဉ် တပည့်တော်/တစ်ဦး/က “ဆရာတော်… ကြည့်တော်မူပါ။ အံ့ဖွယ်/အဆောက်အအုံများ/နှင့် အံ့ဖွယ်/ကျောက်တုံးကြီးများ/ပင် ဖြစ်ပါသည်” ဟု လျှောက်လေ၏။
2 ယေရှု/က “ဤ/အဆောက်အအုံများ/ကို ယခု သင်/မြင်ရ၏။ မဟုတ်လော။ ဤ/အဆောက်အအုံများ/သည် အကုန်အစင်/ဖြိုဖျက်/ခံရ/လိမ့်မည်။ ကျောက်/တစ်ချပ်/အပေါ်တွင် တစ်ချပ်/မျှ တင်ကျန်နေ/လိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
3 ထို့နောက် ယေရှု/သည် သံလွင်တောင်/ပေါ်/၌ ဗိမာန်တော်/ဘက်သို့ မျက်နှာမူ/လျက် ထိုင်တော်မူ/စဉ် ပေတရု၊ ယာကုပ်၊ ယောဟန်/နှင့် အန္ဒြေ/တို့/သည် အခြားသူများ/မပါဘဲ ယေရှု/ထံတော်သို့ ချဉ်းကပ်/၍ 4 “ထို/အရာများ/အားလုံး/သည် မည်သည့်/အချိန်/၌ ဖြစ်ပျက်ပါမည်နည်း။ ထို/အရာများ ဖြစ်ပျက်မည့်/အချိန်/တွင် မည်သည့်/နိမိတ်/လက္ခဏာများ ဖြစ်ပေါ်/လိမ့်မည်နည်း” ဟု မေးလျှောက်ကြ၏။
5 ယေရှု/က “သင်တို့/ကို မည်သူမျှ မလှည့်ဖြား/စေရန် သတိပြုကြလော့။ 6 အဘယ်ကြောင့်ဆိုသော် လူ/များစွာတို့/က ‘ငါ/သည် ခရစ်တော်a/ဖြစ်၏’ ဟု ငါ့/အယောင်ဆောင်/လျက် ရောက်လာကြ/လိမ့်မည်။ လူ/များစွာ/ကိုလည်း လှည့်ဖြားကြ/လိမ့်မည်။ 7 သင်တို့/သည် စစ်ပွဲများ/နှင့် စစ်ဖြစ်မည့်/သတင်းများ/အကြောင်း ကြားကြ/လိမ့်မည်။ သို့ရာတွင် မတုန်လှုပ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ထို/အရာများ/အားလုံး/သည် ဖြစ်ပျက်/ရမည်။ သို့သော် ကမ္ဘာ/ကုန်ဆုံးချိန်/သည် မကျရောက်သေးပါ။ 8 လူမျိုး/တစ်မျိုး/နှင့်/တစ်မျိုး၊ နိုင်ငံ/တစ်နိုင်ငံ/နှင့်/တစ်နိုင်ငံ အချင်းချင်း/ပုန်ကန်/၍ စစ်/ဖြစ်ကြ/လိမ့်မည်။ ကမ္ဘာ့/နေရာ/အနှံ့အပြား/တွင် အစာခေါင်းပါးခြင်း/နှင့် ငလျင်လှုပ်ခြင်းတို့ ဖြစ်/လိမ့်မည်။ သို့သော် ထို/အရာများ/အားလုံး/သည် ကျရောက်လာမည့် ကြောက်မက်ဖွယ်သော/ဆင်းရဲဒုက္ခများb/၏ အစ/မျှသာ/ဖြစ်၏။
9 ဤ/အရာများ/စတင် ဖြစ်ပွား/လျှင် သတိရှိကြလော့။ လူတို့/သည် သင်တို့/ကို တရားရုံးများ/သို့ အပ်ကြ/လိမ့်မည်။ ဂျူးဝတ်ပြုဆောင်များ/တွင်လည်း ရိုက်နှက်ကြ/လိမ့်မည်။ ငါ/၏/နောက်လိုက်များ/ဖြစ်သောကြောင့် သင်တို့/ကို ရှင်ဘုရင်များ/နှင့် အစိုးရ/အာဏာပိုင်များ/ရှေ့သို့ ခေါ်ဆောင်သွားကြ/လိမ့်မည်။ ဤ/အရာ/သည် သင်တို့/ကို ငါ့/အကြောင်း/သက်သေခံရသော/အခွင့် ဖြစ်စေ/လိမ့်မည်။ 10 သတင်းကောင်း/ကိုလည်း လူမျိုး/အပေါင်းတို့/အား ဦးစွာ/ဟောပြောရကြမည်။ 11 လူတို့/သည် သင်တို့/ကို ဖမ်းဆီး/၍ အမှုစစ်ကြ/သောအခါ မည်သို့/ပြောဆိုရမည်/ကို ကြိုတင်/၍ မစိုးရိမ်ကြနှင့်။ ထို/အချိန်/၌ သင်တို့/စိတ်ထဲ/တွင် ဘုရားသခင် ဖော်ပြတော်မူမည့်/စကား/ကိုသာ ပြောကြလော့။ သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူ/မှာ သင်တို့/မဟုတ်ဘဲ သန့်ရှင်းသော/ဝိညာဉ်တော်/ပင် ဖြစ်၏။
12 ညီအစ်ကို/ချင်း တစ်ဦး/ကို/တစ်ဦး သေ/စေရန် သစ္စာဖောက်/လိမ့်မည်။ ဖခင်/သည်လည်း မိမိ/သားသမီး/ကို သေ/စေရန် သစ္စာဖောက်/လိမ့်မည်။ သားသမီးတို့/သည်လည်း မိဘ/ကို ပုန်ကန်/၍ သေစေကြ/လိမ့်မည်။ 13 သင်တို့/သည် ငါ/၏/နောက်လိုက်များc/ဖြစ်သောကြောင့် လူအပေါင်းတို့/သည် သင်တို့/ကို မုန်းတီးကြ/လိမ့်မည်။ သို့သော် အဆုံး/တိုင်အောင် ကြံ့ကြံ့ခံသော/သူ/သည် ကယ်တင်ခံရ/လိမ့်မည်။
14 ဖျက်ဆီးတတ်သည့် စက်ဆုပ်ရွံ့ရှာဖွယ်သော/အရာ/သည် မရှိအပ်သော/နေရာ/၌ ရှိနေသည်/ကို သင်တို့/တွေ့မြင်ရမည့်/နေ့ရက် ရောက်လာ/လိမ့်မည်။ (ဤ/အချက်/ကို စာဖတ်သူ သတိပြုမိပါစေ။) ထို့နောက် ယုဒပြည်/တွင် ရှိသော/သူတို့/သည် တောင်များ/ပေါ်သို့ ပြေးကြ/ရမည်။ 15 လသာဆောင်/ပေါ်တွင် ရှိသော/သူ/သည် မိမိ/အိမ်/ထဲမှ ပစ္စည်းများ/ကို မယူဘဲ အောက်/သို့ ဆင်း/၍ ထွက်ပြေး/ရမည်။ 16 လယ်/၌ ရှိသော/သူ/သည်လည်း သူ/၏ ဝတ်ရုံ/ကို ပြန်လှည့်/မယူဘဲ ထွက်ပြေး/ရမည်။ 17 ထို/နေ့ရက်များ/တွင် ကိုယ်ဝန်ဆောင်/အမျိုးသမီးများ/နှင့် နို့စို့ကလေးငယ်/ရှိသော/မိခင်များ/သည် အလွန်/ဒုက္ခရောက်ကြ/လိမ့်မည်။ 18 သင်တို့ ထွက်ပြေး/ကြရမည့် အချိန်/သည် ဆောင်းကာလ မဖြစ်/စေရန် ဆုတောင်းကြလော့။ 19 အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ဖန်ဆင်းတော်မူ/သည့် အချိန်/မှစ၍ ယခု/အချိန်/အထိ မဖြစ်စဖူး၊ နောင်/တွင်လည်း မည်သည့်/အခါမျှ ကြုံတွေ့ရမည်/မဟုတ်သည့် အလွန်/ဆိုးရွားသော/ဆင်းရဲဒုက္ခ/သည် ထို/ကာလ/၌ ကျရောက်မည်/ဖြစ်သောကြောင့် ဖြစ်၏။ 20 အကယ်၍ သခင်ဘုရား/သည် ထို/နေ့ရက်ကာလများ/ကို တိုတောင်းစေတော်မမူ/လျှင် မည်သူ/မျှ အသက်ဘေး/မှ လွတ်နိုင်မည်/မဟုတ်။ သို့ရာတွင် ကိုယ်တော်/သည် မိမိ/ရွေးချယ်ထားတော်မူသော/သူများ/အတွက် ထို/နေ့ရက်များ/ကို တိုတောင်းစေတော်မူမည်။
21 ထိုအခါ တစ်စုံတစ်ဦး/က သင်တို့/အား ‘ကြည့်လော့။ ဤ/နေရာ/တွင် ခရစ်တော် ရှိသည်၊’ သို့မဟုတ် ‘ထို/နေရာ/တွင် ခရစ်တော် ရှိသည်’ ဟု ဆို/သော်လည်း မယုံကြနှင့်။ 22 ခရစ်တော်/အတုအယောင်များ/နှင့် ပရောဖက်/အတုအယောင်များ ပေါ်လာ/လိမ့်မည်။ ထို/သူတို့/သည် ဖြစ်နိုင်/ပါက ဘုရားသခင်/ရွေးချယ်ထားသော/သူများ/ကိုပင် လှည့်ဖြား/ရန် နိမိတ်/လက္ခဏာများ/နှင့် အံ့ဖွယ်/ဖြစ်ရပ်များ/ကို ပြုကြ/လိမ့်မည်။ 23 သတိပြုကြလော့။ ထို/အရာများ/မဖြစ်ပွား/မီ ငါ/သည် သင်တို့/ကို ကြိုတင်/သတိပေး/နှင့်ပြီ။
24 ဆင်းရဲဒုက္ခ/ခံရမည့် ထို/နေ့ရက်များ ကုန်ဆုံး/ပြီးနောက်
နေမင်း/သည် မှောင်မိုက်/၍
လ/သည် အလင်းရောင်/ကို မပေးဘဲ/နေ/လိမ့်မည်။
25 ကြယ်တို့/သည်လည်း ကောင်းကင်/မှ ကြွေကျ/၍
ကောင်းကင်/တန်ခိုးတို့/သည် တုန်လှုပ်ကြ/လိမ့်မည်။d
26 ထိုအခါ လူသားe/သည် ကြီးမားသည့်/တန်ခိုးတော်/နှင့် ဘုန်းတော်/တို့/ဖြင့် ကောင်းကင်/မှ မိုးတိမ်/စီး/လျက် ကြွလာသည်/ကို လူတို့/မြင်ကြရ/လိမ့်မည်။ 27 ထို့နောက် လူသား/သည် ကောင်းကင်/နှင့်/မြေကြီး/အရှေ့/စွန်း/မှသည် အနောက်/စွန်း/တိုင်အောင်၊ အရပ်လေးမျက်နှာ/မှ မိမိ/ရွေးချယ်ထားသော/သူတို့/ကို စုစည်း/ရန် ကောင်းကင်တမန်များ/ကို စေလွှတ်တော်မူ/လိမ့်မည်။
28 သဖန်းပင်/မှ သင်ခန်းစာ ယူကြလော့။ သဖန်းပင်/တွင် အကိုင်းအခက်/သစ်များ ထွက်လာ/၍ ရွက်နုများ ထွက်ပြူလာ/သောအခါ နွေကာလ ရောက်လု/နီးပြီ/ဖြစ်ကြောင်း/ကို သင်တို့/သိကြ၏။ 29 ထို/နည်းတူ ဖော်ပြခဲ့သော/အခြင်းအရာများ/ကို သင်တို့/မြင်ရ/သောအခါ လူသား/သည် တံခါးဝ/အနီး/သို့ ရောက်နေပြီ/ဖြစ်ကြောင်း/ကို သိမှတ်ကြလော့။ 30 သင်တို့/အား ငါ/အမှန်/ဆို၏။ ဤ/အရာများ/အားလုံး မဖြစ်ပျက်/မီ/အချိန်/ထိ ယခု/ရှိသော/မျိုးဆက် ကွယ်ပျောက်/လိမ့်မည်/မဟုတ်ပေ။ 31 ကောင်းကင်/နှင့်/မြေကြီး တည်မြဲမည်/မဟုတ်/သော်လည်း ငါ့/စကား တည်မြဲ/လိမ့်မည်။
32 သို့သော် ထို/အရာများ/သည် မည်သည့်/နေ့ရက်၊ မည်သည့်/အချိန်နာရီ/၌ ဖြစ်ပျက်/လာမည်/ကို မည်သူမျှ မသိ။ ကောင်းကင်ဘုံ/ရှိ ကောင်းကင်တမန်များ/လည်း မသိ။ သားတော်/လည်း မသိ။ ခမည်းတော်/တစ်ပါးတည်း/သာလျှင် သိတော်မူ၏။ 33 ထို/နေ့ရက်/သည် မည်သည့်/အချိန်ကာလ/၌ ကျရောက်မည်/ကို သင်တို့/မသိ/သောကြောင့် သတိ/နှင့် စောင့်နေကြလော့။ 34 လူသား/ကြွလာခြင်း/အကြောင်း/သည် ခရီး/ထွက်မည့် လူ/တစ်ဦး/က မိမိ/အိမ်/မှ မထွက်ခွာမီ သူ/၏ အစေခံများ/အား လုပ်ဆောင်/ရန် တာဝန်များ/ကို ပေးအပ်/၍ တံခါးစောင့်/အား မိမိ/ပြန်လာချိန်/ကို စောင့်ရမည်/ဟု မှာကြားသည်/နှင့် တူ၏။ 35 ထို့ကြောင့် အိမ်ရှင်/သည် ညနေ၊ သို့မဟုတ် သန်းခေါင်၊ သို့မဟုတ် အရုဏ်/မတက်မီ၊ သို့မဟုတ် မိုးလင်းချိန်တို့/တွင် မည်သည့်/အချိန်/၌ ကြွလာမည်/ကို သင်တို့/မသိ/သောကြောင့် သတိ/နှင့် စောင့်နေကြလော့။ 36 ထိုသို့ မစောင့်/ပါက သူ/သည် ရုတ်တရက်/ရောက်လာ/သောအခါ သင်တို့/အိပ်ပျော်နေသည်/ကို တွေ့/လိမ့်မည်။ 37 သတိ/နှင့် စောင့်နေကြလော့/ဟူ၍ သင်တို့/ကို သတိပေးသည့်/အတိုင်း လူအပေါင်းတို့/ကို ငါ/သတိပေးတော်မူ၏” ဟု မိန့်တော်မူ၏။